နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, March 3, 2013

ရပ်တည်ရာ

လောကဓံက မျက်လှည့်ပြဖို့သက်သက်
ဟော့သည့် စားကျက်ကိုထွင်ခဲ့လေသလား-?
ခါးစောင်းတင်ထားတဲ့ ဘ၀က
ကြာလေအားအင်ချိနဲ့လေပဲလေ...။
တစ်ယောက်တည်းအားနဲ့မမျှတဲ့ဝန်ကို
တစ်ယောက်တည်း ထမ်းထားရတဲ့အထဲ
ချော်လဲခဲ့ဖူးတဲ့အနာတရအချို့က
"ဒဏ်ရာ"လို့ အမည်နာမထိုးရင်း
အရိပ်မိုးတစ္ဆေခြောက်နေရဲ့...။
အခွင့်ထူးခံ အခြေနေတစ်ရပ်ကို
ထွန်ယက်နေတာပါ
ကန်သင်းမှာထိုင်စောင့်သူ
ငါ မဟုတ်ဘူး...။
ဝိသမမြှားတစ်စင်းကို မခွင်းတက်လို့လား-?
နင်းတက်သွားတဲ့ခြေရာတွေသာ
ငါ့ကျောမှာ ကျန်နေခဲ့ရဲ့...။
ဟန်မဆောင်တက်တဲ့နှလုံးသားက
မျက်နှာလွှဲထားဖို့ အားမရှိတဲ့အခါ
နေအစားခံဘ၀တစ်ချို့နဲ့လည်း
ငါ တစ်သားတည်း...။
ကြေးညိုရောင်ခွန်အားတစ်ချို့နဲ့
လည်း
ငါ တစ်ရောင်တည်း...။
အဆင်းမွဲနိမ့်ပါးမှုတွေကြား
နှာတစ်ဖျားသာရုံနဲ့တွင်
ငါ့အသွေးသားက
လိပ်ပြာမလုံချင်တော့ဘူးလေ...။
အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ထက်
ဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ဘ၀တွေ
အလင်းမဲ့ကောင်းကင်အောက်က
နေညို ညနေခင်းများ
မနက်ဖန်ဆိုတာ အသာထား
ဒီနေ့ကို ဘယ်လိုကျော်လွှားရမည်မသိတဲ့
ရေနည်းမြစ်တစ်ချို့ရဲ့ လားရာ
မြင်ကွင်းများစွာ,အသံများစွာ
အတွေးမှာ လာတိုက်ရင်ပဲ
နိမ့်ဆင်းသွားတဲ့ကြင်နာခြင်းတစ်ချို့က
မတ်မတ်ရပ်ရပ်ရှိနေတဲ့ကိုယ့်အခြေနေကို
ကျောလုံအောင် ဖုံးခိုင်းနေလား-?
ထင်မိရဲ့...။
'၀'ရှိလို့'၀ိ'ဖြစ်ခဲ့တယ်ဆိုပေမယ့်
ဆံမခက်မိဖို့ကြိုးစားရင်းက
တဖြေးဖြေးဝေးသထက်ဝေးသွားတဲ့ ရပ်တည်ရာ
"ဘ၀"ဆိုတာကို တန်းညှိဖို့
တစ်ယောက်တည်းအတွေးတို့ ချော်ရင်း
.................................................
.................................................
.................................................
ချော်ရင်း ချော်ရင်း ချော်ရင်း....။

***************************
ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၀-၂-၂၀၁၃။

No comments:

Post a Comment