နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, March 18, 2013

မနိုင် နိုင်ရာပေါက်ကွဲကြည့်ခြင်း

မဆုံးနိုင်တဲ့ မျဉ်းပြိုင်လမ်းပေါ်
ခဏခဏ ခြေချော်ဖန်များ
ငါက ဒဏ်ရာများတဲ့
ရထားတစ်စင်းပါ  မိငယ်...။

ဆွဲလိုက တွဲ
မဆွဲလိုရင် "ဂျိုင်းခနဲ"ဖြုတ်
ငါလို တွဲဆိုင်းအစုတ်ကိုထားသွား
နွေဘူတာနား ချန်ခဲ့
ရတယ်.....။

မခံစားနဲ့ မိငယ်
ကံတရားရှိတယ်ဆိုရင်တောင်
အလွမ်းက တောင်လိုပုံနေဦးမှာပဲ
ဆုံဆည်းခွင့် မြားဦးကလည်း
ခုထိကို.....
ငါ့ဘက် မလှည့်နိုင်သေးဘူးလေ...။

ဘာကိုယုံကြည်ရမှာလဲ
ရဲရင့်ချင်တဲ့စိတ်က
မိုင်တွေကြားမှာပဲ
အမြဲ သေးနုတ်သိမ်ငယ်သွားခဲ့တယ်...။

ကိုယ့်ကိုယ်ကိုတောင်မယုံချင်တော့ဘူး
အဆွေးနဲ့အကျိုးပေးလွန်းတဲ့ လက္ခဏာ
ဓားနဲ့သာခြစ်ထုပ်ပစ်လို့ ရရင်
ငါ့လက်ဖ၀ါးတွေကို ငါ
အရေခွံခွါပစ်ချင်တယ်
ကျွန်းတွေများလွန်းလို့.....။
----------------------------
ချစ်လွမ်းဝေ(ရွှေမျှောင်)
17-3-2013(Am=11:30)။

No comments:

Post a Comment