နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, March 29, 2013

စက္ကူရှတဲ့ လက်

သွေးရှင်ရှင် မထွက်ခဲ့ပါဘူး
ဒါပေမယ့်
စို့တက်လာတဲ့ သွေး
ကလောင်ချို(ဂျို)သွေးမှုကို
အားပေးတယ်...။
ရည်ရွယ်ချက် ရှိရှိ
ရောက်လာတဲ့ ဘ၀ထဲ
ခေါက်ရိုးချိုး အဆွဲမတော်လို့
မစုတ်ပြဲသော်လည်း လက်ကိုရှ
အက္ခရာထွင်းစက္ကူတစ်စမှာ
ငါ့သွေးတစ်ချို့ ပြိုကျသွားတယ်...။
ငိုရမလား ရယ်ရမလား
"အခန့်မသင့်ရင်"ဆိုတဲ့ စကား
နှလုံးသားကို ပါးပါးပုတ်
ငါ့ဦးနှောက်ကို နမ်း ရှုပ် လို့
ငါ့လက်ညှိုးကို ငါ
ခံတွင်းနဲ့ဖမ်းအုပ်ထားလိုက်မိတယ်...။
 ====================
 ချစ်လွမ်းဝေ(ရွှေမျှောင်)

No comments:

Post a Comment