နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, March 26, 2013

ရိုးရာ

အဆင့်ဆင့် လက်ဆင့်ကမ်း
ဘာမှန်းတော့ မသိဘူး
လိုက်လုပ်နေကြရတယ်...။

"အဲဒီတုန်းက
ဒီ လို ကွဲ့"
အဲဒီလိုပဲ သိခဲ့ရ
မယ်မယ်ရရ မရှိဘူး...။
အမြင်အာရုံချို့ယွင်းတဲ့ ဆင်ကန်း
ချောက်မှန်းကမ်းမှန်း မသိ
ဇွတ်တရွတ် တိုးမိသလို
ကြောက်စိတ်တို့က
ဇာတ်ပိုးကို လာလာပြီး အုပ်
အဘိုးရေ......
ကျွန်တော်တို့ ဆက်ပြီးလုပ်နေတယ်...။

ချစ်လွမ်းဝေ(ရွှေမျှောင်)
24-3-2013 (Am=8:4) ။

No comments:

Post a Comment