နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, March 3, 2013

နွေကြိုကြသူများ

တောမစိမ်း
တောင်မစိမ်း
ရိုးတံလိမ်းသော
သစ်ပင်တစ်ချို့...။

ရွက်မစိမ်း
ညှာမစိမ်း
ရွက်ဝါလိမ်းသော
သစ်တန်းတစ်ချို့...။

မအေးငြိမ်း
အပူကိန်း
အလွမ်းလိမ်းသော
ဥသြတစ်ချို့...။

ပင်ယံစိမ်း
မနေတိန်း
လေမှာယိမ်းသော
ရင်ခက်တစ်ချို့...။

နုမြစ်စိမ်း
ဖူးလျှက်သိမ်း
နေခြည်လိမ်းသော
ပုရစ်တစ်ချို့...။

လေပြေစိမ်း
တောင်ကယိမ်း
လေပွေသိမ်းသော
ရော်ရွက်တစ်ချို့...။

သူတို့.....သူတို့
နွေကြိုနေကြသည်...။
-----------------------
ချစ်လွမ်းဝေ(ရွှေမျှောင်)။
   ၂၁-၂-၂၀၁၃။

No comments:

Post a Comment