နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, March 12, 2013

အလွမ်းသင့်သူ

မိငယ်ရေ.....
ငါ့အစား နွေကိုဖိတ်
ခဏလောက်နှုတ်ဆိတ်ပေးပါ
ငါ့သံစဉ်နဲ့ ငါရစ်မူးလို၍...။

မိငယ်ရေ.....
ခဏလောက်ခပ်ဆွေးဆွေး
ငါ့အသံ နားစွန့်ပေးပါ
ငါ့သံစဉ်နဲ့ ငါလွမ်းမောလို၍...။

မိငယ်ရေ.....
"ဥသြ"ဟေ့ ငါအော်
အလွမ်းညှော်နင့်ကိုသင့်
ငါ့အလွန်ဖြစ်ရင်ပေါ့
နည်းနည်းတော့ ခွင့်လွှတ်
(...ငါက...)
အလွမ်းနာ ၀ဋ်သင့်သူမို့...။
---------------------------
ချစ်လွမ်းဝေ(ရွှေမျှောင်)
6-3-2013
pm=6:52 ။

No comments:

Post a Comment