နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, March 12, 2013

နွေနှင့်အတူ

နွေအထက်
ကြွေရွက်တို့ တလူလူ
ရွှေဂျိုးဖြူက ကူသံပေး
မ,ဖို စံပျော်တေး...။

ကြွေအရွက်
မြေထက်သို့ တံခွန်တထ
ဥသြသူလည်း တွန်သံပေး
လှိုက်ဖို လွမ်းဖွယ်တေး...။

ပင်အထက်
ညွန့်ခက်တို့ ရွှင်ကြည်ဖြူ
ပုရစ်သူက ရွှေရောင်သွေး
နုမြစ်စမ်းတယ်လေး...။

အဆင်ခက်
ကြင်ဘတ်သို့ လွမ်းတေးခြူ
စာဆိုသူလည်း ငူငိုင်တွေး
ဆွေးရင်သမ်းတယ်လေး...။
------------------------------
ချစ်လွမ်းဝေ(ရွှေမျှောင်)
10-3-2013
pm=8:58 ။

No comments:

Post a Comment