နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, March 29, 2013

ဟို အမြင့်
ဝေသီခေါင်လွင့်လွင့်ဆီမှာ ပြုံး
သူ့မှာ
အမုန်း မရှိဘူး...။
ကွင်းတုံးလုံးက ကြည့်ကြည့်
ထရံပေါက်က ကြည့်ကြည့်
ထုပ်တန်း၊ကြွက်လျှောက်
ခေါင်မိုးပေါက်က ကြည့်ကြည့်
ရွက်ခက်စို ကြိုအကြား
ဘယ်နားက ကြည့်ကြည့်
ပြုံးနေ၏ ... လှနေ၏ ။
အေးစေ၏ ... မြစေ၏ ။

               ချစ်လွမ်းဝေ(ရွှေမျှောင်)

No comments:

Post a Comment