အထီးကျန် ဇာတ်ဝင်ခန်း
ပြန်ခဲ့လို့ ... ကျန်
ချန်ခဲ့လို့ ... ကျန်
ကိုယ်စားပြုနာမ် အမျိုးမျိုးနဲ့
အလွမ်းက ရင်ကိုအလဲထိုး
ဝဋ်ဆိုးဆိုလည်း ကျေပေါ့
အဖြစ်ဆိုးဆိုလည်း နေပေါ့
ကံအကျိုးပေးပဲလေ
ဘယ်လိုမျိုးခွန်အားနဲ့ ငြင်းရမှာလဲ...။
တင်းထားတဲ့မျက်ရည်ကို့ပဲ
တာမကျိုးဖို့ အားထုပ်
အမြဲ နောက်ဆုတ်နေရတဲ့အခွင့်ရေး
ကိုယ်တိုင်ရေးကဗျာလို
"ပြင်ဆင်ခွင့်"ဆိုတာ ဘယ်ပါမလဲ....။
စမ်းဖျောက်တဲ့ ... နွေ
လမ်ပျောက်တဲ့ ... နွေ
နွမ်းခြောက်တဲ့ ... နွေမှာ
ရွက်ကြွေကောက်မျက်ရည်တို့နဲ့
ဥသြကလည်း
တစ်ရေးနိုးတိုင်း ထအော်
"ရင်ကျိုးဖော်" ညှိနေခဲ့...။
သူ ... မသိခဲ့ဘူး
ပြောပြမထားတဲ့ အလွမ်းတို့အကြောင်း...။
သူ ... မကြားခဲ့ဘူး
တမ်းတတိုင်းဖွဖွခေါ်
တသသအော်တဲ့ သံစဉ်...၊
ဒီအတိုင်းပဲ.....
နွေလွင်ပြင်မှာ ထည်းတည်းကျန်ခဲ့...။
ပြီးစီးရန်တစ်ဝက်အလိုမှာ
ဇာတ်ဆိုတာ နာတက်သတဲ့လား
တကယ်ပါပဲ
နွေအနားကွတ်ဇာတ်ဝင်ခန်းမှာ
ငါ့ရဲ့ ဇာတ်ဆရာညွှန်းတမ်းက
ခါး ... လိုက် ... တာ ...။
------------------------------
ချစ်လွမ်းဝေ(ရွှေမျှောင်)
No comments:
Post a Comment