နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, March 4, 2013

အသို့လည်း နွေ

ဟောင်းမြေ့ကြွေ
ရော်ရွက်ဆွေ လေအ၀ဲ
မရွှင်ကဲ စိတ်ထဲဖြစ်အင်...။
လေပွေသခင်
သနားမကြင် ညှာခြေခက်လို့
ခြွေရက်သည် ထင်...။

ပင်ဝေဟင်
ပုရစ်ဆင် အလှကျဉ်းပြန်တော့
အရွှန်းသော့ ပြောင်းပေါ့စိတ်စဉ်...။
ဟောင်းရွက်ဆွေခင်
ညောင်းရက်မှာ မဝေချင်သမို့
မြေသို့ကြွေထင်...။

ဝေအချို့ ကြွေလို့တစ်သွင်
ဆောင်းနှောင်းရက်နွေလွင်ပြင်မှာ
ကျွန်ုပ်မြင် သည်အခင်း...။
စိတ်အစဉ်
မတည်အောင်တမင်ညှင်းတယ်
ဆောင်တက်လေခြင်း...။
---------------------------------
ချစ်လွမ်းဝေ(ရွှေမျှောင်)
    4-3-2013
  Am=10:30 ။

No comments:

Post a Comment