နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, March 18, 2013

ရင်ကိုချေတဲ့ နွေ

ဥသြတွန်သံ တလွင်လွင်ကြားမှာ

စီးမျောလှိုက်ဖြာသွားမိတယ်

သူ ငိုနေတာလား...။

 

မသိနိုးနားနွေက

အိပ်မောကျမှုများကို ခိုးယူလို့

အိပ်ပျက်လက်စ ညမှာ

ယဉ်စစမျက်နှာပေးနဲ့

ပွင့်သစ်စ ပိတောက်လေးကိုပဲ

လှမ်းမျှော်ငေးလို့ လွမ်းမိရဲ့...။

 

ပင်ထက်မှာတော့

ကံ့ကော်တွေ စွေ့စွေ့ဝေ

တမာတွေ သင်းသင်းမွှေး

နွေနံဘေးမှာ

ခပ်ဆွေးဆွေး ထိုင်စောင့်နေတုန်း..။

 

ဘယ်နေ့ပြန်လာမလဲ

မေးခွန်းထဲ ခုန်အချမှာ

ရင်တွေပြာကျသွားတယ် မိငယ်...။

====================

ချစ်လွမ်းဝေ(ရွှေမျှောင်)
14-3-2013
pm=8:15 ။

No comments:

Post a Comment