နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, March 29, 2013

လောင်မီး

လောင်  လောင်  လောင်  လောင်
တရှောင်ရှောင် တညီးညီး
တောမီးထလောင်...။
တောခွေးတွေ ဟောင်
တောကြောင်တွေ လက်ခမောင်း ခက်...။
မြို့ဖျက်,ရွာဖျက်
လောင်လျှက် မငြိမ်သက်...။

တိုင်းထက်,ပြည်ထက်
တက်...တက်  တရှိန်ရှိန် တက်...။
ခြေလက်မကျန်
အိမ်ကြမ်းထရံ အကုန်လုံး
တ၀ုန်းဝုန်း ထလောင်...။
ပြည်လုံးကယ် မှောင်
မီးခိုးရောင် တိမ်တောင်ဖုံးလို့
မြို့လုံး ရွာလုံး ပြောင်...။

              ချစ်လွမ်းဝေ(ရွှေမျှောင်)

No comments:

Post a Comment