နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, March 12, 2013

နှစ်လွန်းတင်သည့် ကြိုး


အရပ်ပုသေး

ဂျစ်တူးလေး
ငိုင်ငိုင်ငေးငေး ဘာတွေတွေး ။
စာရေးမည်လား
ကဗျာလား
စကားများများလေထွားထွား.. ။
လေထွားဆိုဗျာ
နေ့သောကြာ
သူ့ရဲ့မွေးဇာတာ။
မွေးဇာတာသာ
သောကြာဗျ
လူက ဂျပုမ..။
ရှေးရှေးဘဝ
အလေးမ
သူ့မှာပုခဲ့ရ။
ပုပုလှလှ
ယ္ခုဘဝ
ရှေ့ကအကျိုးဗျ။
လူသာပုတာ
မခေ ပါ
ဂျစ်တူးမကအရေးစွာ..။
သူ့စာကဗျာ
လှလှလေ
ထပ်ထပ် ဖတ်ချင်သေး...။
သေးသေးကွေးကွေး
ဂျပုလေး
အစွယ်လေးနဲ့သာ.။
သူ့စာကဗျာ
လွင်လွင်မွှေး
နိမိတ်ပုံသူဌေး..။
လက်ဆထက်တယ်
ဂျပုငယ်
အားပေးတိုက်တွန်းတယ်...။
ကဗျာလှလှ
ဆက်ရေးဗျ
ကျုပ်တို့ဖတ်မှာပ..။
ကဗျာလှရယ်
စာလှရယ်
ရေးချယ်သီကုံးကွယ်..။
အားပေးဦးမယ်
မြန်မနှေး
ကျုပ်လည်းပါသည်လေး...။
================
ရတုသစ်+ချစ်လွမ်းဝေ(ရွှေမျှောင်)
ပေါင်းစည်းမှု....။


No comments:

Post a Comment