နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, March 29, 2013


တိတ်တိတ်လေး အိပ်မောကျလို့
လကဆင့်ပိုး
ကြယ်အမျိုးမျိုးနဲ့ လှ
နွေနိုးတဲ့ ည...။


ဖွဖွလေး ဖေးမလို့
လောကကို ထမ်းပိုး
တိတ်တခိုး မောလျ
နွေဆိုးရဲ့ ည...။


အိပ်မက်က စိတ်ဆိုးလို့
အပြစ်အမျိုးမျိုး ပြ
ရင်ကျိုးတဲ့ ည...။


အတွေးဆ စိုးမိုးလို့
အအိပ်ခိုး ဗိုလ်ကျ
ကဗျာနိုးတဲ့ ည...။
 = = = = = =  =

ချစ်လွမ်းဝေ(ရွှေမျှောင်)

No comments:

Post a Comment