နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, November 29, 2012

စေလိုရာ ဘဝ

တိမ်လိုပဲလား.....?

ခဏ၀ဲလည်၊ပြီးပျောက်ကွယ်သည့်

သောကပူဝိုင်း၊သူရူးတစ်ပိုင်းဘဝ

နှစ်ရှည်လများ၊ရင်ခွင်ကြားမျှော်

ခံစားဖော်ဝေး၊အခြေမပေးခဲ့။

 

လေလိုပဲလား.....?

တောင်အီမြောက်ရပ်၊ချိန်ခွင်စက်လှည့်

ဆုံမှတ်ရက်နေ့၊ခွဲခွါတွေ့ကြုံ

မဆုံဘ၀၊ချိန်ကာလတို့

ပြောင်းလို့ဝဲလည်၊ကြာလည်းကြာခဲ့။

 

တိမ်နှယ်လေနှယ်၊သည်နယ်ပယ်၌

ရင်သောကနှောက်၊အလွမ်းပေါက်ပင်

မပျိုးပဲရှင်နေ၊ဆွေးမြေ့ကျေနွမ်း

နှလုံးသားပမ်းလျ၊စည်းခြားဘဝ

                      ပြုထားသမျှနုရုံလား....? ။                            

No comments:

Post a Comment