နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, November 29, 2012

ရင်ခွင်ဟောင်းသို့

တန်ဆောင်တိုင်“လ“
သာတဲ့ညရဲ့ အခင်းကျင်း
ကောင်းကင်တလင်းမှာ
ဆေးပေါင်းခလို့.......။

ပြောပြဖို့မစွမ်းသာခဲ့ဘူး
ချစ်သူ...မင်းအနားမရှိဘူးလေ။

ရင်းထားခဲ့တဲ့ အလွမ်းတွေ
ရင်မှာဝေ အချိန်မှန်နှိပ်စက်
ဆုံမှတ်ရက်က ခပ်ဝေးဝေး
နေရာဟောင်းမှာပဲ ထိုင်ဆွေးခဲ့ရ။

မြင်နေကျ ပုံရိပ်တွေပါပဲ
ငွေသောင်ယံမှာ ဘော်ငွေဖွေးဆဲ
စေတီထံမှာ ဆည်းလည်းရှိုက်ဆဲ
ဝမ်းထဲလှိုက်တက်လာတဲ့ တမ်းတစိတ်
ချစ်သူရယ်......
ချော့သိပ်ရင်းပြန်ခဲ့ရ။

အပြန်လမ်းမှ ရှု့ခင်း
လရောင်ကြောင့် ရှင်းနေတယ်
 ဒါပေမယ့်.......
(...အရင်လို...)
          စိမ်းလန်းခြင်းတော့ မဲ့လို့......။           

No comments:

Post a Comment