တုန်လှုပ်ခြင်း
လေပြေအဝေ့
နှင်းအဝှေ့မှာ
လွင့်၍လာသော ပန်းတစ်ပွင့်။
နေခြည်အပွေ့
နှင်းအသွေ့မှာ
တင့်၍သာသော ပန်းတစ်ပွင့်။
လမ်းသင့်၍ ခဏကြုံ
မြင်ကွင်းပုံ ခြားနား
စိတ်အာရုံကို ဖမ်းစားခဲ့။
ထိုအခိုက်တန့်
ဖြတ်ကတည်းအတွေးဝင်
သခါင်္ရကို ဆင်ခြင်မိ၊
အနိစ္စ = အမြဲမရှိ ။
ဒုက္ခ = ဆင်းရဲ၏ ။
အနတ္တ = အစိုးမရ ။
သြော်...ငါလည်းတစ်နေ့ကျ
(...ဤပန်းနှယ်...)
ဝေသမျှ ကြွေရဦးမည်းတကား.....။
No comments:
Post a Comment