နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, November 28, 2012

တန်ဆောင်တိုင်

လစန္ဒာ ယုန်ရေးလို့

ခြုံပေးဝတ်ရုံ

ညဥ့်မှာလှုံ

စုံပေသည့် ကြယ်ခင်း.....။

 

မီးပုံးပျံလေဟုန်စီး

ဝေဟင်ခရီး ၀ဲပျံ၊

နတ်ရ်ထံ စူဠာမနိ

ပူဇော်သည့်ဟန်၊

နှစ်,ရက်မှန်

ပွဲခံသည့်ရှုခင်း.....။

 

လတန်ဆောင်တိုင်

ဆီမီးမြိုင် ထိန်ထိန်လင်းတယ်

ရိုးရာ့ရှုခင်း......။   



ရည်ညွှန်း ။              ။
                         တောင်ကြီးနှင့်ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်များသို့              ရည်ညွှန်းဖွဲ့သီပါ၏......။

No comments:

Post a Comment