နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, November 29, 2012

စိမ်း

မျက်နှာမစိမ်း၊နယ်မြေတိန်းခွါ

အဝေးမှာပျော်၊ခံစားဖော်မေ့

ဘ၀နေ့တွေ၊ဆုံတွေ့မလွယ်

အသဲမယ်နင့်၊ကြွမ်းလောင်ဖြစ်တည်

နစ်ချည်မစဲ၊သမုဒယ၀ဲ.....။

 

အနေကွာတိန်း၊နယ်မြေစိမ်းကြား

သက်ထားဘယ်လို၊ပျော်သလိုနေ

ဘ၀နွေကို၊ဘယ်လိုသူဖြတ်

ကွန်ယက်သမုဒယ၊တူးစွသည့်အလွမ်း

ရှင်ခန်းဘယ်ပုံ၊လက်ခံကြုံတွေ့

ရင်ဆိုင်လေ့မလည်း၊အပူမစဲ

ရင်ထဲတိုးဝှေ့၊မပျော်မွေ့နိုင်

တမှိုင်မှိုင်တွေး၊ရင်၌လေးခဲ့.....။

 

ရှေ့ရေးရာမျှော်၊လက်တွဲဖော်မို့

ဝေးသော်မမေ့၊အလွမ်းပွေ့ပိုက်

နေ့ဆက်တိုက်မျှော်၊လကျော်နှစ်များ

အလွမ်းကြားနစ်၊စိမ်းကားဝံ့လျှင်

သမုဒယလွင်ပြင်၊သံယောဇဉ်တရား

စိမ်းရောင်သား၍-

                        စိမ်းစကားကိုဆိုပါ ခင်...။                               

No comments:

Post a Comment