ရင်ထဲရှိသလို
အစဉ်တကျတော့ ရှိမယ်မထင်ဘူး...
ရင်ထဲရှိသလို ထွက်လာခဲ့ရတဲ့
သံစဉ်မဲ့စကားလုံးများ
မုသားမပါတာတစ်ခုပဲ
ကျနော် ပြောထားနိုင်တယ်လေ...။
ရင်ဘတ်တွေတောင် လက်မြောက်လို့
စည်းမစောင့်တဲ့ ဒီအလွမ်း
ဇာတ်သိမ်းခန်းမဟုတ်ပဲ ၀င်က
ထင်ထားသမျှအကုန်လွဲတယ်...။
တင်းထားတဲ့ကြားက
ညှို့ချင်လာတဲ့ မျက်ဝန်း
တက်နင်းထားတာတောင်
ခေါင်းကထောင်လို့လေ...။
တမန်တွေအထပ်ထပ်ဆယ်ဘူးရဲ့
ရင်ကွဲတာပဲ အဖတ်တင်တယ်။
ပါတ်သတ်ချင်သလိုမဖြစ်တဲ့ ပါတ်ဝန်းကျင်
အတင်းဝင်လာတဲ့ ဒီအလွမ်း
ကျောခိုင်းတမ်း ဆော့ကစားခွင့်
လွယ်လွယ်နဲ့မဖြစ်တဲ့ အခြေနေပဲ။
ရွာနေဆဲပါ မိုးတွေ
မျက်ဝန်းတစ်ခို ညှို့မှိုင်းညိုလို့
ပြောသလို မဖြစ်ခဲ့ပါဘူး
ပါးပြင်က.......
ရာသီဥတုပြောင်းလဲမှုကို
အသိမှတ်မပြုသေးဘူးလေ....။
အင်း...ဒူးနဲ့သုတ်နေရတဲ့ မျက်ရည်တွေ
နှလုံးသားကို ခင်တွယ်နေသမျှ
ကျနော်....ဘယ်တော့ လွတ်လပ်မယ်မသိရသေး
ခုတော့....လွတ်လပ်ရေးမဲ့ နှလုံးသား
(...ကျနော့်ရင်က.....)
အလွမ်းကို ခုခံနိုင်အားနည်းတုန်း.....။
No comments:
Post a Comment