နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, November 28, 2012

အဖြူရောင်ရင်ချည်ကြိုး


စွယ်တော်ဘာတော့သမေဆန်ပါဘူး
ဒါပေမယ့်........
အမှီသဟဲတစ်ခုအဖြစ် အတူရှိ
ခံစားဖော်ညှိဖြစ်ခဲ့ကြ....။

နားလည်ခြင်းကြိုးတစ်ချောင်းနဲ့ပါပဲ
အဆိုးအကောင်းတွေကို ထုဆစ်
ဘ၀ကိုရွတ်လွှင့်နေမိ၊
သူမရှိလို့မဖြစ်တဲ့အရာတွေ
ကိုယ့်မှာလည်းတစ်လှေကြီး
သူလည်းကိုယ်လို တစ်ထွေးကြီးလေ
မရှိမဖြစ်အရာတွေနဲ့ တည်ဆောက်
စည်းစောင့်ခြင်းနဲ့တစ်ခါချုပ်တည်း
သံယောဇဉ်ကြီးခဲ့ကြ.....။

အပြီးသက်ဘဝ
မတူညီတဲ့ဆုံမှတ်ကိုယ်စီရှိနေကြပေမယ့်
ပေစ္စက္ခတွေရဲ့နေ့
ကျနော်တို့.....
အားလုံးကိုမေ့ထားကြတယ်.....။

မဆုံးတဲ့သံသရာနဲ့နေ့ရက်
နောက်ဘ၀တွေဆက်စေပေါ့
ရင်ချင်းဆက်နေတဲ့ ဒီကြိုး
ဖြတ်ဖို့လွန်းတွေအတော်ဆွေးရဦးမှာပဲ
ဒီတော့.....
"ဥပါဒါန်"လို့ပဲ ဆိုစေ
ကျနော်တို့ ရင်ဘတ်တွေ
ခုထိ အစွဲတွေကြီးနေတုန်း......။

No comments:

Post a Comment