နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, November 29, 2012

ရင်၏စေရာ

ရင်ရယ်လေ.....

ညလည်းညမို့၊နေ့လည်းနေ့ခါ

ကာလကြာကြာ၊တည်လာရစ်ချည်

အလွမ်းမည်ရိပ်၊တမ်းတစိတ်ကို

ထွေးပွေ့ပိုက်နမ်း၊ချော့မြူမှန်းဆ

ရှိတက်လှသည်၊တစ်ခါစီကို.....။

 

ယာယီမဖြစ်၊ကြာရှည်ဖြစ်တည်

တေးသီသမုဒယ၊ယုယုယမွေး

ဝေဒနာဆွေးကို၊မေ့ဆေးမဖော်

နှလုံးပေါ်တင်၊ကြေးမှုံပြင်သို့

မျက်တောင်မခက်၊ကြည့်နေတက်ပြန်၊

ဆက်ဆံအလွမ်း၊ဖန်အိမ်နန်းဖွဲ့

သူ...ထားရက်ခဲ့သည်---

ကြာပြီကာလ၊နေဝေးဘ၀တို့......။

 

ဆွေးသမျှကို၊ကဗျာဆိုမော

ရာသီတောထ၊အဝေးကနေ့

ပြန်အောင့်မေ့ရင်း၊မိုးစင်စင်လင်း

ညခင်းအသင်္ချေ၊ကုဋေနေ့များ

မျက်ရည်ကြားနစ်၊စိမ်းကားဝံ့သူ

တွေးစူဗျာဒ၊ရင်နွမ်းလျမို့

ပြောပြဖိုပင်၊မ၀ံ့ချင်ဘူး

                     ရင်ခွင်ဦးမို့ ရူးမတက်ထင်...။                              

No comments:

Post a Comment