နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, February 26, 2013

နေရာမှန်

မခံယူပါရစေနဲ့
အားနာကြည့်ရဲ့ မျက်ဝန်းတစ်စုံ
ရင်မှမခုန်ပဲ...၊
တော်သလိုပဲ ထားပါ...။

မမျှော်လင့်ပါရစေနဲ့
ငဲ့ကြည့်ခြင်းရဲ့ တောင့်တမှုမှာ
စိတ်မှမပါပဲ...၊
ပျော်သလိုပဲ နေပါ...။

စောင့်စားခွင့် မပေးပါနဲ့
တစ်ယောက်တည်း ဖြစ်တဲ့ဘ၀မှာ
ငါမှမလိုပဲ...၊
ယုံကြည်ရာပဲ ဆွဲပါ...။

ဘယ်လိုလဲ မိငယ်
စိတ်နဲ့ကိုယ်ရယ် မကပ်တဲ့တစ်နေ့
သမင်တစ်ကောင်ရဲ့
လည်ပြန်အဝေ့မှာ ကပ်ငြိ
မင်း သတိ,မင်း အသိမနှောင်းရင်ပေါ့
ရင်ခွင်းဟောင်းရှိတယ်ဆိုတာ သတိရပေး
အချိန်မနှောင်းသေးရင် ငါ ကြိုမယ်...။
==============================
ချစ်လွမ်းဝေ(ရွှေမျှောင်)။

No comments:

Post a Comment