နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, February 3, 2013

နှောင်တွယ် ခြင်း

ယုံကြည်ရာကို ရွက်လွှင့်ဖို့

ဘ၀ကို လေနှင်ရာသို့

တင်ခဲ့မိတယ်.....။

လှိုင်းလေကလည်း

ထန်တစ်လှည့်,ပြေတစ်ခါ...။

 

ပြေဆင်းခဲ့ရတဲ့ ကုန်ဆင်း

မော့တက်ခဲ့ရတဲ့ တောင်တန်း

တူးရူးလမ်းက

ဖြောင့်တစ်လှည့်,ကောက်တစ်ခါ...။

ခရီးလမ်းက

ကြမ်းတစ်လှည့်,နုတစ်ခါ...။

အောင်မြင်ရာက

မြုတ်တစ်လှည့်,ပေါ်တစ်ခါ...။

 

မပြေလည်မှုများစွာ ရောထွေး

အလှမ်းမဝေးတဲ့ အနာဂါတ်

ငါ ကိုယ်တိုင် နိမိတ်ဖက်လို့...၊

ပြေးလျှက်ပါပဲ

ဟောသည့် လောကထဲမှာလေ

ငါ မသေသရွေ့

ခင်တွယ်ရာနဲ့ မွေ့ချင်တယ်...။

 

No comments:

Post a Comment