နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, February 13, 2013

ခရောင်းလမ်းပေါ်မှာ...?

သင် ချစ်သော နှလုံးသားကို
သင် ကိုယ်တိုင်ထိန်းကွတ်လိုက်တဲ့ တစ်နေ့
သင် တွေ့ရလိမ့်မယ်
သင့်ရဲ့ဆုံးရှုံးနစ်နာမှု များစွာ...။


သင် မြတ်နိုးသော သင့်ဘ၀ကို
သင် ကိုယ်တိုင်စွန့်လွှတ်လိုက်တဲ့ တစ်နေ့
သင် မြင်ရလိမ့်မယ်
သင့်ရဲ့နောင်တတရား များစွာ...။

သင် ဘာကိုယုံကြည်ပါသလဲ
ခပ်ရဲရဲလျှောက်
သင့်ရှေ့မှာစောင့်နေတယ်
သင့် နှလုံးသားနဲ့
သင် မြတ်နိုးသော ဘ၀များ။

ဒါပေမယ့်....
သင်ကိုယ်တိုင် လျှောက်ရဲဖို့
ခွန်းအားတော့ မွေး...၊
အဲသည်မှာ...
နည်းနည်းတော့ ရှုပ်ထွေးတယ်။

No comments:

Post a Comment