နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, February 13, 2013

ပြည်ထောင်စုနေ့


အို...ပင်လုံ
အောင့်မေ့ဘယ်ကုန်မလဲ။
ရင်အုံတွေစုစည်း
သွေးချင်းတို့ ရင်းနှီးခဲ့ကြ
ပြည်မနဲ့တောင်တန်း
တက်ညီလှမ်းခဲ့ သက်သေ
သ၀ဏ်လွှာခြွေ မှတ်တမ်း
သင့်ရင်မှာ ဥဒါန်းတွင်စေခဲ့တာ...။

အို...ပင်လုံ
တမ်းတဘယ်ကုန်မလဲ။
လွတ်လပ်ခြင်းမြဲဖို့ အားထုပ်
ကိုယ့်မြေကို ကိုယ်အုပ်ချုပ်ရေး
သင့်ရင်မှာ ဆွေးနွေးစေခဲ့တာ...။

အို...ပင်လုံ
လွမ်းစဘယ်ကုန်မလဲ။
ဆန်းဖခင်နေမ၀င်ခင်လေး
လက်မှတ်ရေး သက်သေ
လွတ်လပ်စေ သဘောညီမှု
လူတစ်စုနဲ့တိုင်ပင်
သင့်ရင်မှာ လမ်းစထွင်စေခဲ့တာ...။

အို...ပင်လုံ
ပြောဖွယ်ဘယ်ကုန်မလဲ။
ဖေဖ၀ါဆယ့်နှစ်ထဲ
ပြည်မြန်မာ လွတ်လပ်မြဲဖို့ရည်မေတ္တာ
တွဲခိုင်မာ သွေးချင်းနှော
တောင်ပေါ်မှာ အပြုသဘောဆောင်တဲ့နေ့
သင့်ရင်မှာ ကြွေးကြော်စေခဲ့တာ...။


No comments:

Post a Comment