နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, February 26, 2013

တွေးချဥ့်တက်စေ မြင်တက်စေ

=

တူးရူးသစ်တစ်ပင်
အသင် ကြည့်လိုက်ပါ..၊
ကိုင်းခက်နဲ့ပင်စည်လွှာ
အသင်လိုရာသုံး
အရိပ်လိုက ခိုဦးပေါ့...။

သစ်တစ်ပင်၏ တန်ဖိုး
သင့် အကျိုးများစွာ
စား,၀တ်,နေရာ
သင်လိုရာဖြည့်ဆည်း
ကျေးဇူးကြီးခဲ့...။

အသင် မြင်တက်စေ
သင့်မိဘ မျိုးဆွေ
သစ်ပင်တွေ ပမာထား
ငြိမ်းစေသား သင့်ကိုရည်
ဖေးမသည် အေးစေကြောင်း
သစ်တစ်ပင်ကောင်းလို...။

သစ်ပင်ကို မငဲ့ညှာ
သင်လိုရာ များစွာခုတ်
သစ်ငုတ်သာ ထည်းတည်း
ပြုန်းတီး၏သို့...၊
မိဘကို မငဲ့ညှာ
သင်ထင်ရာသင်လုပ်
သစ်ငုတ်ပမာ ထည်းတည်း
သင် ပြုန်းတီးမည်..။
========================
ချစ်လွမ်းဝေ(ရွှေမျှောင်)။



No comments:

Post a Comment