နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, February 2, 2013

ကြားသိစေသား

တောထခဲ့ဘူးတဲ့ စကားဇောင်းက

ခုတော့....တိတ်တဆိတ်ချောင်ခိုလို့

နေညိုဖို့ ပြင်နေပြီလား-?။

ကြည့်မြင်မှုအားနည်းတဲ့ မျက်လုံးမှာ

မျက်ရည်က

သီခိုတွဲတောက်တောက်။

မမြင်ဘူးလို့

မြစ်ထင်ခဲ့မိတဲ့ မူးတစ်စင်းပါကွယ်

စီးဆင်းလိုမှ စီးဆင်းပေါ့

ရင်နာဖို့ထက်

မမြင်ရာသာ ကိုယ့်အတွက်

ဝေဒနာတစ်ဝက်သက်သာစေမယ် ထင်ရဲ့။

နေရက်လို့ နေသူအတွက်

နေတက်သလို နေဖို့မဖြစ်ပေမယ့်

ရေစက်ကို မျှော်လို့မှမရပဲ

ဘယ်လောက်ပဲ

ရင်ထဲ ခံခက်ပါစေ

လွမ်းတယ်လို့မပြောဘူး မိငယ်...။

No comments:

Post a Comment