နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, February 2, 2013

လူငယ်...သို့သော်....လူငယ်

မှန်သည်,မှားသည် အပထား
ဘ၀လမ်းများတလျှောက်
ဦးနှောက်ကို သုံးလို့
ခံစားမှုနောက်လိုက်ခဲ့တယ်။

အတွေးချင်း ဖလှယ်
နှလုံးသားချင်း ဖလှယ်
အိမ်ပြန်ချိန်တွေလည်း
နောက်ကျချင် နောက်ကျပေလိမ့်မယ်။

ပါတ်ဝန်းကျင်ညွှန်တွင်းကလည်း
"မစင်ကြယ်ခြင်း"လို့
သမှုတ်ချင် သမှုတ်ကြပေလိမ့်မယ်။

လူငယ်သည် လူငယ်ချင်း
ချစ်ခြင်းများနှင့်ဆက်လျှောက်
လူးကြီးလောက် မရင့်ကျက်ချင်ဘူး။

ငါ မကြောက်ဘူး
ငါ ရူးသလောက်
ငါ ဆက်လျှောက်ချင်တယ်....။

No comments:

Post a Comment