နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, July 5, 2013

မြစ်တစ်စင်း မြင်ကွင်းစုံရာ ဝေဒနာနာမ်စား မနောဝိညာဏ်အပိုင်းအစများ

ကျေးလတ်နှင့်မြို့ ပြ ဆန်ဆန်
သူ့ရဲ့ နံရံနှစ်ဖက်ကို ငေးမောရင်း
မြစ်မင်းက
သင်္ဟာတထွန်းရင်၏ ခေတ်ဟောင်းဧချင်းတစ်ပုဒ်ကို
ပီပီပြင်ပြင် ညည်း ဆို တေး ဖွဲ့ လို့...။
တံတားအိုတစ်စင်း၏ နေဝင်ညချမ်းထဲ
မိုးလေကင်းစ နဂိုရည်အသွေးနဲ့
ကောင်းကင်က
ပြာလွင်လွင်လေး လှနေခဲ့။
ငေးမောမိတဲ့မြင်ကွင်းတွေမှာ
မြစ်တစ်စင်းရယ်,ကမ်းပါးအိုတစ်ခုရယ်
လမုတောရယ်,ခရာဆူးအုပ်လေးတစ်စုရယ်
မြို့ ဟောင်းတစ်ခုရယ်,လွမ်းစေတီ တစ်ဆူရယ်
ကျိုးတိုးကျဲတဲ အသွားအလာနည်းတဲ့
ရေလပ်ကြားစောင့် ဆိုင်းဘုတ်အောက်က
အမြောက်တကားကား သင်္ဘောအချို့ ရယ်
ဘဝကို ဘယ်နံရံမှာ ကပ် ဘယ်သောင်စပ်မှာ နား
ဘယ့်နှယ် ခရီးသွားရမယ်မသိတဲ့
ရေနည်းငါးအချို့ ၏ တစ်ဝမ်းတစ်ခါးပုံရိပ်
အကုသိုလ်တံဆိပ်ခပ်နှိပ်ထားသော
အစုန် အဆန် သင်္ဘော သဗ္မာန် တစ်ချို့ ရယ်
စသည် .. စသည် .. စသည်ဖြင့်
ဟိုဟို .. ဒီဒီ .. လွင့်မျော .. ပြေးလွှာ
နှလုံးသားကို
ခပ်ပါးပါးလေးရိုက်ခက်နေတဲ့ အတွေးအမျှင်တွေမှာ
ညီမျှခြင်းက
ငြိုငြိုင်ြင်ငြင်လေးအဖြစ်နဲ့တောင်
ရက်ရက်ရောရော မရှိခဲ့ဘူး။
လွင်လွင်လူးလူး ဖူးပွင့်ရှိသည့် ပန်းတွေပဲလေ
အဆင်းရှိသလောက် လန်း
ရနံ့ရှိသလောက် မွှေး
ကိုယ့်အသွေးကို ကိုယ်တည်ဆောက်ချင်ရှာမပေါ့
ခုတော့.....
"မြွေပူရာ ကင်းဆင့်မှုတွေ"တဖားဖားနဲ့
ဟောဒီ လောကကိုက
မာယာတွေ တယ်များလွန်းတယ် အမေ။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၃-၇-၂၀၁၃(ညနေ=၆း၂၅)


No comments:

Post a Comment