နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, July 5, 2013

©အလွမ်းရင့်ရောင် ညနေ



ပျားရည်ရောင်ကော်ဇောခင်းထားတဲ့
ညနေက
"သတိရခြင်း"တရားစီရင်ခန်းနဲ့
တခမ်းတနား တောက်ပနေခဲ့။

ထိုင်နေကျလ္ဘက်ရည်ဆိုင်လေးရဲ့
မျက်နှာစာရှေ့ တူးရှုး
တစ်ပွင်ခြင်းခူးနေမိတဲ့ မြင်ကွင်းတွေမှာ

လျှောက်နေကျလမ်းဟောင်းလေးရဲ့
ကြေးညိုရောင်နှုတ်ခမ်းသားထက်က
လေးတွဲ့တွဲ့ ခြေလှမ်းတွေမှာ

ကြားနေကျသီးချင်းဟောင်းလေးရဲ့
ဆွေးသဲ့သဲ့ မိုးဖွဲ့ရပိ(repat)ပိုဒ်တွေမှာ
ခေါင်းမဖော်နိုင်စွာ နစ်မြုပ်။

တွန်းထုပ်မရတဲ့အလွမ်းတွေတနင့်တပိုးနဲ့
အစိုးမရသော ပေစ္စက္ခမိုးလို
တမ်းတစိတ်က ရင်၌အနှံ့။

ခြေဆန့်လက်ဆန့်လူးလွင့်ခွင်းလေးတောင်
နှလုံးသားမှာ မဲ့လုလုအခြေနေနဲ့
ဟောဒီ ညနေတွေထဲ
ရင်မခိုင်လို့ ပြိုလဲရင်လည်း(လဲ)
ကြေ ကွဲ ရုံ ပဲ ရှိပေါ့ မိငယ်။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၁-၇-၂၀၁၃(ညနေ=၅း၃၁)
"မြ" ကဖေး /သာကေတ။


No comments:

Post a Comment