နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, July 5, 2013

မြစ်တစ်စင်းနဲ့ ငြင်းခုန်ခြင်း


လေမသင့်ပါဘူး ဆိုနေမှ

လှိုင်းက ထန်ချင်နေတုန်း။

နေ့စဉ်သုံးစကားလုံးတွေလို

တတွတ်တွတ်ရွတ်ဆိုခွင့်မှ မရှိပဲ။

မိုးလေဝသလေဗျ

မိုး ရွာချင် ရွာမယ်

နေ သာချင် သာမယ်ပေါ့။

သေချာတာကတော့

ဒီနေ့ …

မုန်တိုင်းထန်ချေမရှိဘူး။

လှိုင်းကြက်ကိုပဲ

အသာလွတ်လွတ် ထွေးထားစမ်းပါ

သင် ဘယ်ဘယ်လောက်ခတ်ထန်ကြောင်း
ပြသရုံအတွက်
ဒေါသတွေ ချောင်းချောင်းထပြနေဖို့ လိုလို့လား။


ချစ်လွမ်းဝေ(ရွှေမျှောင်)


No comments:

Post a Comment