နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, July 5, 2013

အုံ့ပုန်း မိုး

ဘယ်သူမှမသိပါဘူး

တိတ်တိတ်လေး စွေနေခဲ့တာ

ဟောဒီ ကောင်းကငိ အနှံ့။


ပြန့်ကျဲ ကျဲပြန့်နေတဲ့
အလွမ်းစတွေ
ဝေဒနာက ခြွေလို့လား-?

သိမ်းဆည်းထားမိသမျှ အမှတ်တရတွေ
နှလုံးသားမြေဗဟိုပြုလို့
ရွာရန်ရွာနှုန်း အားအင်အပြည့်
သဲသဲလှုပ်ရွာနေခဲ့။

ဘယ်သူမှ မသိခဲ့ပါဘူး
ရာသီစာတနင့်တပိုးနဲ့
အလွမ်းခိုးတဲ့ညတိုင်း
"ဒီမိုးတွေ
ရင် ထဲ မှာ ရွာ နေ မယ်"ဆိုတာပေါ့။

ချစ်လွမ်းဝေ(ရွှေမျှောင်)


No comments:

Post a Comment