နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, July 5, 2013

သူ့ ခရီး



 ဖြေးညင်ညင်
ဝေးလွင်ပြင် ပင်လယ်တွင်းဆီမှ
ဆန်ဆင်းလို့ သူအလာ
ရေခင်းငယ်သာ။

ကမ်းကွေ့မှာ ချာ
လုံးရှာကြ ဒိုက်မှော်ထွေး။

ကမ်းအပြေ
လှိုင်းကြင်ဆွေ
ကြက်ငယ်ဖေးတော့
ဗေဒါမေ တက်ရေဖွေးနဲ့
ဆန်ရတယ်လေး။

လတာခင် ငြိုငြင်ငြင်းလို့
ဆင်းပြန်ရ ဒီတက်ရေ
ချောင်းရိုးမှ မြစ်ခြေl
စုန်လေတဲ့ စုန်လေ
ကျွမ်းထိုးတဲ့ ငါးပျံဆွေ
ကမူခြေသောင်နဖူး မြူးလို့သာနေ။

လှိုင်းလေကစေ
ကမ်းရိုးမှာလေ ခွေမနေအား။

ဒီကျရေ ယဉ်ရထားနဲ့
ဗေဒါမေ စုန်ရေကြားမှာ
စံရပြန်သား။


ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၉-၆-၂၀၁၃(နံနက်=၈း၄၅)


No comments:

Post a Comment