နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, July 5, 2013

ဆည်းဆာတမ်းချင်း

တစ်နေ့တာကုန်ဆုံးခြင်းထဲ
ရစ်ဝဲပျံသန်းရင်း
ကန့်လန့်ဖြတ်ကြီးဆင်းလာတဲ့
တမ်းတစိတ်က
ညောင်ညိုရိပ်မှာ ခိုလို့...!

ဆည်းဆာလှဖို့
နေကညိုရဦးမယ်လား !

တိမ်တွေအရောင်ဖျော့သွားတာ ထိုင်ကြည့်ဖို့
အလင်းကအမှောင်သို့ တိုးဝင်နေခဲ့
အမှတ်တရတော့ရှိရဲ့ မိငယ်။

တစ်ခါက နေဝင်ရီချုပ်စ
ရေဆိပ်က ဆံထောက်ကွေးကွး
စံပယ်တင်မှဲ့လေးနဲ့ နင့်အလှ
မမြင်ရကြာတော့ ပြောပါတယ်။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၂-၆-၂၀၁၃ (ညနေ=၆း၀၀)


No comments:

Post a Comment