နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, June 24, 2013

အလွမ်းတစ္ဆေ

ညတွေက

တိတ်ဆိတ်နေလိုက်တာ

အပ်ကျသံမျှ မကြား။


အရိပ် လိုလို
အရောင် လိုလို
ဂယောင်ခြောက်ချား ဆေးသားများ
အမှောင်နံရံမှာ
လိုင်နာဆွဲ , ကန့်လန့်ပြေး , လှုပ်ရှား။

ဗူးလေးရာ
ဖရုံဆင့် သောကတစ်ပိုင်းနဲ့
ရင်ထဲမှာတော့ ဝုန်းဒိုင်းကြဲ
စိတ်က
စိတ်ကိုတန်ပြန်လွှမ်းမိုးခြင်း အသိုက်ထဲ
တိုးလိုးတန်းလန်းဝေဒနာတွေ
သက်ငင် ပြေးလွှားစေခဲ့။

စိတ်နဲ့မကပ်တဲ့ ကိုယ်
ကိုယ်နဲ့မကပ်တဲ့ စိတ်
ပစ္စုပ္ပန် အတိတ်
နှစ်ဖက်နင်းလှေနံပုံရိပ်များ
ညကိုငုံရင်း ဝါး မျို
ရွတ်ကျတိုင်းရှင်မည့် ပင်ပျိုအလွမ်းများ
တစ္ဆေတစ်ကောင်အလားပေါ့
ငါ့ညတွေကို ယိမ်းနွဲ့ခြောက်ချားစေခဲ့။

သတိနဲ့မကပ်တဲ့
အသိတရားလေးတစ်ပိုင်းတစ်စနဲ့
"ပဗ္ဗာဇနီယ"ညှပ်မရတဲ့ ဒီတစ္ဆေ
ညတိုင်း
ခြောက်နေတော့မှာလား မိငယ်။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၄-၆-၂၀၁၃(ည=၁၁း၁၁)




No comments:

Post a Comment