နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, June 4, 2013

မိတ္တူ

ကောက်ကြောင်းလေးတစ်ခုပါပဲ
ရင်ထဲမှာမြဲနေတဲ့ ပုံရိပ်
ငါ့အလွမ်းကို ဖိတ်စင်စေခဲ့သူ။

ကြည်ဖြူမလား,မကြည်ဖြူမလား
လုံးလုံးလျားလျားမသိခင်လေး
အဆွေးက
ရင်ထဲကို ဆေး ချယ် လို့
”လွမ်းစေတော့ရယ်”
ရည်ရွယ်ရင်းလား။

နှလုံးသားကမသိလိုက်မသိဘာသာ
နေတက်ခဲ့ရင် ကောင်းမယ်။

ခုတော့ ...
ခံစားလွယ်တက်သူ မဟုတ်ပေမယ့်
ဒီ ခံစားချက်ကိုတော့
မချေဖျက်နိုင်ခဲ့ဘူးလေ။

ခပ်ရေးရေးပါ
ဒါပေမယ့် .. အဲဒီပုံရိပ်
လွမ်းတိုင်း
နှလုံးသာမှ ဖိတ် စင် လွင့် ကျလို့
ငါ့ကို
ဝေဒနာတွေထဲ ဆွဲဆွဲချသွားတယ်။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၎-၆-၂၀၁၃ (ည=၉း၅၁)


No comments:

Post a Comment