နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, June 4, 2013

တောင်စဉ်ရေမရ


ကိုယ့်ကိုယ်ကို ဟန်လှပြီအထင်နဲ့

ကန်ကန်ချနေမိတဲ့ အတွေးတွေ

ဆက်ဆက်ယို ဖိတ်စင်နေသမျှ

ငါ့အိပ်မက်ဆိုးနဲ့ ငါ

မကြာမကြာ ရန်ဖြစ်နေရဦးမည် ထင်...!

 

မလာချင်ပါဘူး .. မလာချင်ခဲ့ဘူးလေ

ခက်နေတာက လွတ်လပ်နေတဲ့အတွေး

အငြိမ်မနေဘူး

ရှောက်ရှောက်ပြေးတယ်။

 

ခက်တယ်

ထိလွယ်ရှလွယ်သောကက

မြင်မြင်ရာမှန်သမျှလှမ်းဆွဲလို့

ဒီလိုနဲ့ပဲ

(...ကျွန်တော်...)

ရှုပ်ရှုပ်ထွေးထွေး အိပ်မက်တွေနဲ့

လုံးချေရှုပ်ထွေးနေမိတယ် အမေ။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)

No comments:

Post a Comment