နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, January 7, 2013

စိတ္တဇည

မှေးလည်းမပျော်

အတွေးထဲပေါ်လာ

မြင်သော်ခဏ မေ့မရခဲ့။

အိပ်မပျော်နွမ်း

စိတ်ရော်တမ်းတ

ပြူတင်းဝငေးမျှော်

ခန်းစည်းပေါ်ဖြား

လှုပ်ခက်သွားဟန်

သူ့...ခြေသံလား...?

လေပြေတိုးသဲ့

ယဲ့ယဲ့ခက်သံ

သူ့ခေါ်သံလား...?

လရောင်ဖြာရိပ်

လမ်းပေါ်ဖိတ်ကျ

လှုပ်ရွသဟန်ပန်

သူ့...သန္တာန်လား...?

ထင်မိမှားရဲ့

ဖွေရှာခဲ့သည်။

ညလယ်မှောင်ထဲ

တစ်ယောက်တည်းလေ

စိတ်ရူးစေရာ

ဝေဒနာဆိုး

ကြိမ်စာနိုးထ

လွမ်းသမျှသူ  နေရာယူ၏။     

No comments:

Post a Comment