နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, January 25, 2013

အနှိုင်းမဲ့ အမေ

အမြင့်ပို
တောင်မြင့်မိုရ် အံတု။
ဖက်ပြုလို့ ဘယ်သူပြိုင်
နိုင်ပါ့မယ်မေး...။
မွေးမယ်တော် မေတ္တာနွေးနဲ့
ပြိုင်ဦးကွယ့်လေး...။

အအေးပို
သီတာဆို မြစ်ထွေး။
ယှဉ်ပြေးလို့ ဘယ်သူပြိုင်
နိုင်ပါ့မယ်မေး...။
မွေးမယ်တော် မေတ္တာအေးနဲ့
ပြိုင်ဦးကွယ့်လေး...။

တေးချိုချို
ကရ၀ိတ်ဆို သူ့တေး။
သီကြွေးလို့ ဘယ်သူပြိုင်
နိုင်ပါ့မယ်မေး...။
မွေးမယ်တော် သားချော့တေးနဲ့
ပြိုင်ဦးကွယ့်လေး...။
--------------------

ရည်ညွှန်း=ဤကဗျာဖြင့် ရောက်လာလတံ့သောပြာသိုလ်လပြည့်(အမေနေ့ေ)သို့ ဦးခိုက်ပူဇော်ပါ၏။


No comments:

Post a Comment