နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, March 29, 2013

လ

ဟို အမြင့်
ဝေသီခေါင်လွင့်လွင့်ဆီမှာ ပြုံး
သူ့မှာ
အမုန်း မရှိဘူး...။
ကွင်းတုံးလုံးက ကြည့်ကြည့်
ထရံပေါက်က ကြည့်ကြည့်
ထုပ်တန်း၊ကြွက်လျှောက်
ခေါင်မိုးပေါက်က ကြည့်ကြည့်
ရွက်ခက်စို ကြိုအကြား
ဘယ်နားက ကြည့်ကြည့်
ပြုံးနေ၏ ... လှနေ၏ ။
အေးစေ၏ ... မြစေ၏ ။

               ချစ်လွမ်းဝေ(ရွှေမျှောင်)

No comments:

Post a Comment